Congratulations MYEA for organizing a very successful Entrepreneurship Summit!

MYEA အသင်းမှ ကြီးမှူးကျင်းပခဲ့တဲ့ Myanmar Entrepreneurship Summit 2017 ပွဲကြီးကို ၉၊၁၂၊၂၀၁၇ ရက်နေ့က နေပြည်တော် MICC 2 မှာ စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။

လူ ၁,၀၀၀ ကျော် တက်ရောက်ခဲ့တဲ့ Summit မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အဖွင့် အမှာစကား ပြောကြားကာ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို လမ်းညွှန်အားပေး ခဲ့ပါတယ်။

ဒီလို ပွဲမျိုးမှာ Matrix Institute of Professionals က တထောင့်တစ်နေရာမှ ပါဝင်ခွင့်ရခဲ့တဲ့အတွက် အတိုင်းမသိ ဂုဏ်ယူရပါတယ်။

Matrix ရဲ့  Booth မှာ စိတ်ဝင်တစား လာရောက်မေးမြန်း အားပေးကြတဲ့ လုပ်ငန်းရှင်များ၊ ကျောင်းသူကျောင်းသားများ မိတ်ဆွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

Finance အတန်းများ၊ Corporate Training များ၊ Advisory Services များ အတွက် အကောင်းဆုံး Service များ လိုအပ်ပါက Matrix Institute of Professionals ကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။